Free Open VPN For PC (Win/Mac)

 ဒီတစ်ခေါက် ပြောပြပေးမှာက Free Open VPN အကြောင်းပါပဲ။

 အားသာချက်

ကျွန်တော် သဘောကျတဲ့အချက်ကို ပြောရရင်တော့ VPNရဲ့ သဘောက အလွယ်ပြောရရင် ကျော်ခွလိုက်တာ ဖြစ်တဲ့အတွက် မူလနှုန်းထက် speed လျော့သွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီဟာလေးကတော့ မူလနှုန်းအတိုင်း သုံးလို့ရတာကို သဘောကျတာပါ။

အားနည်းချက်

Free ဖြစ်တဲ့အတွက် သူက Key ကို တစ်နေ့တစ်ခါ ပြောင်းပါတယ်။ အဲဒါလေးကိုတော့ နေ့စဥ် download လုပ်ပေးရပါတယ်။ အားနည်းချက်ရယ်တော့ မဟုတ်ပေမယ့် နည်းနည်းတော့ အလုပ်ရှုပ်တာပေါ့ဗျာ။ 

ဒါပေမယ့်လည်း အရမ်းကို အဆင်ပြေတယ်လို့ မြင်မိပါတယ်။

ဘယ် Device တွေမှာ အသုံးပြုလို့ရသလဲဆိုတော့

Windows, MacOS, Android, iOS (iPhone, iPod, iPad) တွေမှာ ရပါတယ်။

အခုကတော့ Win နဲ့ Mac ကို ဦးစားပေး ပြောသွားမှာပါ။

ကျန်တာတွေအတွက်ကတော့ ကိုယ်တိုင်စမ်းကြည့်ပါ။

လိုအပ်တဲ့ Link တွေ Download လုပ်ရမယ့်ဟာတွေတော့ အကုန် တင်ပေးထားပါမယ်။

−−−−

လက်ရှိအခြေအနေမှာတော့ ဒီWeb ကိုလည်း ပိတ်ထားတဲ့အတွက် အရင်ဆုံး တခြား VPN နဲ့ကျော်ပြီးမှ Download လုပ်၊ Key ယူလို့ရမှာပါ။

ကျွန်တော်ကတော့ ပထမဆုံး ၁လေးလုံးနဲ့ ကျော်တယ်။ နေ့စဥ်ပေးတဲ့ Key ကို Download လုပ်တယ်။ ပြီးတော့ ၁လေးလုံးကို ပြန်ပိတ်ပြီးမှ ဒီကောင်ကို ဖွင့်သုံးတယ်။ အဆင်ပြေပါတယ်။

 −−−−

Key ယူတဲ့အခါမှာလည်း ကျွန်တော်က ဝေးဝေးလံလံနိုင်ငံတွေ မယူပါဘူး။ Thai ကို ယူတာများပါတယ်။ tcp နဲ့ udp ဆို udp ကို ယူပါ။

ကျွန်တော် post ရေးနေချိန် Thai မှာက udp အတွက်ပဲ ရှိနေတာမို့ Korea ကို နမူနာ SS ပြပေးထားပါတယ်။ tcp, udp မခွဲတတ်မှာစိုးလို့ပါ။

 Key File Location ကို မှတ်ရလွယ်တဲ့ နေရာမျိုးမှာထားပါ။

Download ချလိုက်တဲ့အခါ Default အနေနဲ့ Download Folder ထဲမှာပဲ ရောက်မှာပါ။ အဲဒီဟာကို Key Folder ထဲရွှေ့ပေးမှ အလုပ်လုပ်မှာပါ။

ဒါမှမဟုတ် Teskbar ပေါ်က PC ပုံလေးပေါ် Right-click နှိပ်လိုက်ပြီး Inport File ကနေ သွင်းလည်းရပါတယ်။

 −−−−

အောက်ကအဆင့်ကတော့ မလုပ်ချင်လည်း ရပါတယ်။ Key File ချိန်းနည်းပါ။

ကျွန်တော်ကတော့ Desktop ပေါ်မှာ ထားထားပါတယ်။

 Setting ပြောင်းဖို့အတွက်က (For Windows)

Teskbar ပေါ်က PC ပုံလေးပေါ် Right-click နှိပ်လိုက်ပါ။ 

Setting ကို နှိပ်ပါ။ Setting Box ကျလာရင် Advanced ကို နှိပ်ပါ။

Configuration Files ဆိုတဲ့ အောက်က Folder Location ကို ပြောင်းပေးရမှာပါ။

−−−−

အသုံးပြုနည်းကတော့

Teskbar ပေါ်က PC ပုံလေးပေါ် Right-click နှိပ်လိုက်ပါ။ 

Connect ကို နှိပ်ပါ။ 

box တစ်ခု ပေါ်လာပါမယ်။ ခဏစောင့်ပါ။
Teskbar ပေါ်က PC ပုံလေးစိမ်းသွားရင် အောင်မြင်ပါပြီ။ အသုံးပြုလို့ရပါပြီ။

သွင်းနည်းတွေ၊ အသုံးပြုနည်းတွေကိုတော့ အသေးစိတ် မရှင်းပြပေးတော့ပါဘူး။

မူရင်း Web မှာ အသေးစိတ်ရှင်းပြပေးထားပါတယ်။ လင့်ချပေးပါမယ်။

Download OpenVPN application (Original Links)

Windows: OpenVPN Windows Installer
MacOS: Tunnelblick
Android: OpenVPN Connect (Android 4.0 +)
iOS (iPhone, iPod, iPad): OpenVPN Connect

Download ချဖို့အတွက်က VPN တစ်ခုခုနဲ့ ကျော်ထားဖို့ လိုပါမယ်။ 

 

Keys ယူရမယ့် Website ကတော့

https://www.freeopenvpn.org/en/

Install လုပ်နည်းနဲ့ တခြားသော အကြောင်းအရာတွေ သိချင်ရင် အောက်ကလင့်တွေမှာ ကြည့်ပါ။

HOW TO CONNECT >> https://www.freeopenvpn.org/en/connect.php

Topic: Detailed instructions for installing the OpenVPN client on Windows OS

Topic: Detailed instructions for installing the OpenVPN client on Android OS

 အဆင်ပြေကြပါစေ....

Comments