Mozilla Firefox တွင် ဖေ့ဘွတ်ခ်သုံးလို့ရအောင် လုပ်နည်း

 အခု ကျွန်တော်ပြောပြပေးမယ့် ဟာကတော့ ကျွန်ပျူတာနဲ့ အင်တာနက် သုံးသူတွေအတွက် Mozilla Firefox တွင် ဖေ့ဘွတ်ခ်သုံးလို့ရအောင် လုပ်နည်း (Using Add-on) အကြောင်းကို ပုံနဲ့တကွ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

ဘော်ဒါတို့ သိတဲ့အတိုင်းပဲ မြန်မာပြည်မှာ လက်ရှိအခြေအနေတွေကြောင့် ဖေ့ဘွတ်ခ်သုံးဖို့အတွက် ကျော်ရခွရပြန်ပါပြီ။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ပရုတ်ဆီလေးတောင် ပြန်သတိရမိသေး.... :3

ကဲ ဆက်လိုက်ကြဦးစို့.....

1. အရင်ဆုံး Firefox Browser ကိုဖွင့်လိုက်ပါ။

ပြီးရင် Bar တန်းမှာရှိတဲ့ Tools>Add-ons သို့ ဝင်ပါ။

2. Find more add-on ဆိုတဲ့ Search box မှာ vpn လို့ရိုက်ထည့်ပြီး Enter ခေါက်ပါ။

VPN များ ကျလာပါလိမ့်မယ်။

အဲဒီထဲကမှ Touch VPN ကို ရွေးချယ်လိုက်ပါ။

(တခြား vpn တွေလည်း သူ့ဟာနဲ့သူ ကောင်းပါတယ်။ ဒီကောင်လေးကတော့ ကျွန်တော် စမ်းသုံးကြည့်တဲ့အထဲမှာ လွယ်ကူတယ်။ ပေါ့ပါးတယ်။ အဲဒါကြောင့် ဒါလေးကို ဥပမာထား ညွှန်ပေးရခြင်း ဖြစ်ပါတယ်။)

3. Click +Add to firefox

4. Click Add

5. Click Okay,got it

ဒါဆိုရင်တော့ vpn add-ons ကို firefox မှာ သွင်းပြီးသွားပြီ ဖြစ်ပါတယ်။

6. အသုံးပြုဖို့အတွက်ကတော့ install လုပ်ပြီးအောင်မြင်ရင် ကျွန်တော် အနီလေးဝိုင်းပြထားတဲ့နေရာမှာ လက်ညိုးလေးထိနေတဲ့ icon လေး ရှိနေပါမယ်။ Click နှိပ်လိုက်ပါ။

7.အခုလို box လေးပေါ်လာရင် အလယ်မှာ Connect ဆိုတာလေးကို နှိပ်လိုက်ပါ။

8.အခုလိုမျိုးပေါ်လာပြီး icon လေးကလည်း စိမ်းသွားပြီးဆိုရင်တော့ Ok ပါပြီ။

အဲဒီအခါကျမှ ဖေ့ဘွတ်ခ်ကို ဖွင့်လိုက်ပါ။

အဆင်ပြေပြေသုံးလို့ရမှာ ဖြစ်ပါတယ်။

 

အခြားသော browser များတွင်လည်း အခုလို Add-ons လုပ်ပြီး ဖဘကို သုံးလို့ရနိုင်ပါတယ်။

Touch VPN for firefox

https://addons.mozilla.org/firefox/addon/touch-vpn/

Touch VPN forChrome

https://chrome.google.com/webstore/detail/touch-vpn-secure-and-unli/bihmplhobchoageeokmgbdihknkjbknd

တစ်ခုသိထားရမှာက အခုနည်းလမ်းဟာ browser တစ်ခုထဲအတွက်ပဲ vpn ကျော်တာ ဖြစ်ပါတယ်။ ကျွန်ပျူတာ တစ်ခုလုံးကို ကျော်တာ မဟုတ်တဲ့အတွက် ဖဘက video လိုမျိုးကို IDM နဲ့ download ချတာမျိုးတွေ လုပ်လို့ရမှာ မဟုတ်ပါဘူး။

မသုံးတော့မယ့်အခါကျရင် VPN ကို off ဖို့မမေ့ပါနဲ့။

ကွန်ပျူတာ တစ်ခုလုံးကို VPN ကျော်တဲ့နည်းလည်း ဆက်ရေးသွားပါမယ်။


Keyboard Fighter များ အောင်မြင်ကြပါစေ....

Comments